လာမည့် ဒီဇင်ဘာ ၁၆ တွင် မြန်မာပြည်၌ ပထမဆုံးအကြိမ် အခမဲ့ဖျော်ဖြေမည့် နိုင်ငံတကာ အနုပညာအဖြစ် မှတ်တမ်းတင်မည့် အမေရိကန်မှ ဂရမ်မီဆုရ အဆိုတော် ဂျေဆင်မရတ်(ဇ်)
က ၎င်းသည် မြန်မာသို့ သွားရောက်ဖျော်ဖြေသည့်အခါတွင် သီချင်းသစ်များကို သီဆိုဖြစ်မည်မဟုတ်ကြောင်း ပြောကြားသည်။

ဂျေဆင်မရတ်(ဇ်)သည် MTV Exit နှင့် ပူးတွဲ၍ မြန်မာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး တားဆီးကာကွယ်ရန် ဖျော်ဖြေမည်ဖြစ်သည်။ ပွဲအတွက် ၎င်း၏ ခံစားမှုနှင့် ပတ်သက်၍ မရတ်(ဇ်)က "တခြားဖျော်ဖြေပွဲတွေလိုပဲ သဘောထားပါတယ်။ အဲဒီနေ့မှာ အိပ်ရာထလာပြီး ပွဲမှာ ဘာလုပ်မလဲ ဆိုတာကတော့ ပတ်ဝန်းကျင်ပေါ်၊ စတိတ်စင်အပေါ်၊ ကိုယ်ခံစားရတာပေါ်မူတည်ပြီး ကျွန်တော်လုပ်ဆောင်မှာပါ" ဟု ဟောလိဝုဒ်ရီပို့တာ စာစောင်သို့ ပြောသည်။ မရတ်(ဇ်)သည် ရန်ကုန်တွင် မြန်မာအဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့်အတူ ရွှေတိဂုံဘုရား နောက်ခံထား၍ ရန်ကုန်ပြည်သူ့ဥယျာဉ်တွင် ဖျော်ဖြေမည်ဖြစ်သည်။ ၎င်း၏ပွဲကို မြန်မာ့ရုပ်သံမှ ထုတ်လွှင့်ပေးမည်ဖြစ်ကာ နိုင်ငံတကာတွင် MTV ရုပ်သံလိုင်း၏ နိုင်ငံတကာကွန်ယက်မှ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ထုတ်လွှင့်မည်ဖြစ်သည်။
ဂျေဆင်မရတ်(ဇ်)သည် မြန်မာတွင် ၎င်း၏ နာမည်ကြီး အကော့စတစ်ဂီတသီချင်းများဖြစ်သည့် I Won't Give Up နှင့် The Remedy သို့မဟုတ် ၎င်း၏ နောက်ဆုံးထွက် အယ်လ်ဘမ် 93 Milliion Miles မှ Love is a Four Letter Word သီချင်းများ ဖျော်ဖြေဖွယ်ရှိကြောင်း သတင်းက ဖော်ပြထားသည်။
Hollywood reporter
No comments:
Post a Comment