Myanmar
မြန်မာနိုင်ငံရဲ့ လှပတဲ့ ရှုခင်းပုံတွေတင်သွားပါမယ်
Saturday, June 14, 2014
Monday, June 9, 2014
ကမ္ဘာ့ဖလားဖွင့်ပွဲ၏ ဖျော်ဖြေပွဲအစီအစဉ်မှ ဂျနီဖာလိုပက်ဇ် ရုတ်တရက်နုတ်ထွက်
ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သီဆိုဖျော်ဖြေရန်
စီစဉ်ထားရာမှ ဂျနီဖာလိုပက်ဇ်အနေဖြင့် ရုတ်တရက် နုတ်ထွက်သွားသည်။
ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်မျှသာ လိုတော့သည့်ချိန်တွင် အမေရိကန် Popဂီတ ကြယ်ပွင့်က ယခုကဲ့သို့ ရုတ်တရက် နုတ်ထွက်သွားခြင်း ဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က တနင်္ဂနွေနေ့တွင် ယင်းသတင်းကို အတည်ပြု ကြေညာခဲ့သည်။
ဂျေလိုသည် ကမ္ဘာ့ဖလားအတွက် ရေးစပ်ထားသည့် We Are One သီချင်းကို ရက်ပ်ဂီတသမား ပစ်ဘူးလ်၊ ဘရာဇီးလ်အဆိုတော် ကလော်ဒီယာလေးတီတို့နှင့် အတူတွဲဖက် ဖျော်ဖြေရန် စီစဉ်ထားခဲ့သည်။
ဆော်ပေါ်လိုမြို့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှု အစီအစဉ်များမှ ဂျေလို ရုတ်တရက် နုတ်ထွက်သွားခြင်းသည် အစီအစဉ်ပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့်ဟု FIFA၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
သို့သော်လည်း သတင်းများကမူ ယခုကိစ္စသည် ဂျေလိုနှင့် ချစ်သူ အကသမား ကက်စ်ပါစမတ်တို့ လမ်းခွဲလိုက်ခြင်းနှင့် ဆက်နွှယ်နေနိုင်ကြောင်း သုံးသပ်ရေးသားခဲ့သည်။
ဂျေလိုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကက်စ်ပါနှင့် လမ်းခွဲလိုက်ကြောင်း သိရှိရသည်။
ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားတွင် ဂျွမ်းဘားပညာရှင်များ၊ အခြားသော အနုပညာရှင်များ အပါအဝင် လူ(၆၀၀)မျှဖြင့် ဖန်တီးမည့် (၂၅)မိနစ်ကြာ အစီအစဉ် ပါဝင်ပြီး ယင်းကို We Are One သီချင်းဖြင့် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့သည်။
ပစ်ဘူးလ်ကမူ ဂျေလို နုတ်ထွက်သွားသည့်တိုင် ဖျော်ဖြေမှု အစီအစဉ်ကို ရှေ့ဆက်သွားမည်ဟု ပြောကြားသည်။
“ဘရာဇီးလို လှပတဲ့ နိုင်ငံတစ်ခုမှာ We Are One ကို တစ်ကမ္ဘာလုံးအတွက် ဖျော်ဖြေရမယ့် ကိစ္စက အင်မတန် ပျော်စရာ ကောင်းပါတယ်။ ဒီထက်ပိုအရေးကြီးတဲ့ အချက်က ဂီတဆိုတာ ခုအချိန်မှာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ဘာသာစကား ဖြစ်လာပြီလေ”ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ဆော်ပေါ်လိုရှိ ကိုရင်သီယန် ဘောလုံးကွင်းကြီးတွင် ကျင်းပမည်ဖြစ်ပြီး ပရိသတ် (၆၀၀၀၀)ကျော် တက်ရောက်အားပေးမည်ဖြစ်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူပေါင်း သန်း(၁၀၀၀)ကျော်မျှ စောင့်ကြည့်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။
-Ref: Channel News Asia
From 7daydaily

Tuesday, December 11, 2012
ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီးမှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။
“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။
ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။
သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။
စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။
- ဂျူးမေဇင်
www.thefarmermedia.com

သမိုင်း တစ်လျှောက် ရန်သူအများဆုံး ချေမှုန်းနိုင်သော စစ်သား
သမိုင်း တစ်လျှောက် ရန်သူအများဆုံး
ချေမှုန်းနိုင်တဲ့ စစ်သားကတာ့၊ ရာဇဝင်လို လို၊ ဒဏ္ဍာရီလိုလိုနဲ့
နိုင်ငံကိုယ်စီမှာ ရှိကြပါတယ်။ သို့ပေမယ့် တစ်ကမ္ဘာလုံး အသိမှတ်ပြု
လက်ခံခဲ့တဲ့ ရန်သူအများဆုံး ချေမှုန်းနိုင်တဲ့ စစ်သားများထဲက တစ်ဦးကတော့ ဂျာမနီ စစ်သား Fritz Christen
ဖြစ်ပြီး
ရန်သူ စစ်သားပေါင်း အယောက် ၁၀၀ နဲ့ ရန်သူ တင့်ကား ၁၃ စီးကို
တစ်ယောက်တည်းနဲ့ ပွဲကြမ်း ခဲ့သူ ဖြစ်ပါ တယ်။
ဒုတိယ ကမ္ဘာစစ်ကာလ ဖြစ်ပြီး ဂျာမနီကို ဆိုဗီယက်တို့ ထိုးစစ်ဆင်နေတဲ့ ကာလမှာ ဖြစ်ပါတယ်။ Fritz Christen ဟာ ဂျာမနီနိုင်ငံ အရှေ့ ဘယ်လိုင်း Waffen-SS ခံတပ်မှာ တာဝန်ကျပါတယ်။ ဆိုဗီယက် တပ်တို့ ထိုးစစ် ဆင်မှုကြောင့် Waffen-SS မှာခံတပ်အဖြစ် ထားရှိတဲ့ ဂျာမနီ စစ်သား အားလုံး သေကုန်ပါတယ်။ Christen တစ်ဦးသာ ကျန်ရှိခြင်း ဖြစ်ပါတယ်။ ဂျာမနီ တပ်ကူတို့ ရောက်ဖို့က ၃ ရက်လောက်လိုပါတယ်။ တပ်စုနဲ့အတူ တိုက်ခိုက်အပြီး တစ်ယောက်တည်း ကျန်ချိန်မှာတော့ လက်နက်ချရမယ့် အနေအထားကို ကြုံနေပါတယ်။ အားဖြည့်မယ့် တပ်ကလည်း နောက်ထပ် ၃ ရက်မှ ရောက်မှာ ဖြစ်ပါတယ်။
သို့ပေမယ့် Christen ဟာ လုံးဝ အညံ့မခံပဲ ခုခံ တိုက်ခိုက်ပါတယ်။ တစ်ယောက်တည်း ကိုယ်လွတ်ရုန်း ပြေးရင် ရပေမယ့် လုံးဝတောင် စဉ်းစားခဲ့သူ မဟုတ်ပါဘူး။ လက်နက်ကြီးငယ်ကို တစ်ဦးတည်း အစီအစဉ်ချပြီး တက်လာသမျှ ဆိုဗီယက်ကို တိုက်ခိုက်ပါတယ်။ ကိုယ်တိုင်ကလည်း အနည်းဆုံး လူနှစ်ဦး ထိုင် ပစ်ရမယ့် ၅၀မီလီမီတာ ကန်နွန်း သေနတ်ပစ်စင်ကို တစ်ယောက် တည်း အသုံးပြုလို့ တက်လာသမျှ ပစ်ခတ်ပါတယ်။ သူခုခံ တိုက်ခိုက်တဲ့ သုံးရက်အတွင်း ဆီုဗီယက် စစ်သား အယောက် ၁၀၀ သေလို့ ဆိုဗီယက် တင့်ကား ၁၃ စီး ကျဆုံးသွားပါတယ်။ နောက်တက်မယ့် ဆိုဗီယက်တွေတောင် အရှေ့ မထွက်ရဲတော့ပါဘူး။
ဂျာမနီ တပ်ကူများ ရောက်လာချိန်မှာ သူတစ်ယောက်တည်း ပစ်ခတ်၊ခုခံ နေ တာကို တွေ့ ရတော့ အံ့သြသွားပြီး ရဲစွမ်း သတ္တိကိုလည်း လေးစားခဲ့ကြ ပါတယ်။ ဒါကြောင့် ဟစ်တလာကိုယ်တိုင် စစ်သား Christen ကို သူရဲကောင်းဆု ချီးမြင့်ခဲ့ပါတယ်။ ဆိုဗီယက် တစ်တပ်စာကို တစ်ယောက် တည်းနဲ့ အပြတ်ချေမှုန်းနိုင်ခဲ့တဲ့ Chriten ဟာ ယနေ့တိုင် ဂျာမနီမှာ သူရဲကောင်း အဖြစ် မော်ကွန်းတင် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: German-facts
http://www.innewsmyanmar.com/2012/12/blog-post_9.html

မြန်မာတွင် သီချင်းသစ်များ သီဆိုမည်မဟုတ်ဟု ဂျေဆင်မရတ်(ဇ်)ဆို
လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၀
လာမည့် ဒီဇင်ဘာ ၁၆ တွင် မြန်မာပြည်၌ ပထမဆုံးအကြိမ် အခမဲ့ဖျော်ဖြေမည့် နိုင်ငံတကာ အနုပညာအဖြစ် မှတ်တမ်းတင်မည့် အမေရိကန်မှ ဂရမ်မီဆုရ အဆိုတော် ဂျေဆင်မရတ်(ဇ်)

က ၎င်းသည် မြန်မာသို့ သွားရောက်ဖျော်ဖြေသည့်အခါတွင် သီချင်းသစ်များကို သီဆိုဖြစ်မည်မဟုတ်ကြောင်း ပြောကြားသည်။
မြန်မာ နှစ်တစ်ရာပြက္ခဒိန် Apk

ဒါကိုတော့ တော်တော်များများသိမှာပါ
ကျွန်တော့်ဘလော့မှာမရှိလို့မျှဝေပေးလိုက်ပါတယ်
Download Link >> http://www.mediafire.com/ ?kkls9w5apkscsvt
အသေးစိတ် အချက်အလက်များကို အောက်ပါ လင့်မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Credits to https://www.facebook.com/ MmCalendar
အသေးစိတ် အချက်အလက်များကို အောက်ပါ လင့်မှာလည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။
Credits to https://www.facebook.com/
Ref>>>Myanmar Play App Store
Subscribe to:
Posts (Atom)